မူဒရစ် ကို ဇန်နဝါရီမှာ အငှားချဖို့ စီစဉ်နေတဲ့ ချဲလ်ဆီးအသင်း

22 Sep

ချဲလ်ဆီးအသင်းက ယူကရိန်းလက်ရွေးစင် တောင်ပံကစားသမား မူဒရစ် ကို လာမည့်ဇန်နဝါရီ အပြောင်း အရွှေ့မှာ အငှားချဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက ၂၀၂၃ ခုနှစ်တွင် အသက် ၂၃ နှစ်အရွယ် မူဒရစ် ကို ယူကရိန်းကလပ် ရှက်တာဒိုးနက် အသင်းထံမှ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ နေမာ လက်သစ်လို့ နာမည်ကြီးခဲ့ ပေမယ့် ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၆၂ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းက မူဒရစ် ကို ခြေစွမ်းပြသနိုင်ခြင်းမရှိလို့ အငှားချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဘရိုက်တန်အသင်း နည်းပြဟောင်း ဒီဇယ်ဘီ တာဝန်ယူထားတဲ့ ပြင်သစ်ကလပ် မာဆေးလ်အသင်းက မူဒရစ် ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ (NVS 008)

22 Sep

ADVERTISE HERE .