နောက်ခံလူ ဂါဘရီရယ် ကို သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်း
22 Sepအာဆင်နယ်အသင်းက ဘရာဇီးလ်လက်ရွေးစင် နောက်ခံကစားသမား ဂါဘရီရယ် ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ဂါဘရီရယ် ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိရှိတဲ့ သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုထားတာဖြစ်ပါတယ်။ လက်ရှိမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့အတွက် ဂါဘရီရယ် ကို ထိပ်သီးပြိုင်ဘက်များ ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက ဂါဘရီရယ် ကို လစာနှုန်းထားအသစ်ဖြင့် လက်ဦးမှုရယူကာ စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေတာဖြစ်ပါတယ်။ ဂါဘရီရယ် ဟာ ၂၀၂၀ နွေရာသီမှာ လိုင်လီအသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပါတယ်။ အသင်းနဲ့အတူ ၄ ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ ၁၇၁ ပွဲကစားကာ ၁၅ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)
22 Sep