ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၄၀ နီးပါးရရှိ

22 Sep

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လကုန်အထိ ၅ လတာအတွင်း ပြည်ပသို့ ငါးမျိုးစုံတန်ချိန် ၁၂၄,၇၉၃ ဒသမ ၆၇၁ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၄၀ နီးပါးရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ ကဏ္ဍအလိုက်တင်ပို့မှုမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၈၈ ဒသမ ၆၄၃ သန်းတန်ဖိုးရှိ ငါးတန်ချိန် ၆၅,၆၁၁ ဒသမ ၉၆ တန်နှင့် နယ်စပ်လမ်းကြောင်းမှ ဒေါ်လာ ၄၉ ဒသမ ၈၈ သန်းတန်ဖိုးရှိသည့် ငါးတန်ချိန် ၅၉၁၈၁ ဒသမ ၇၁၁ တန် တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူမှာ ငါးတင်ပို့မှုအနေနဲ့ မက်ထရစ်တန် ၅၉,၈၈၅ ဒသမ ၂၃၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၂၅၃ သန်းသာရရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်နှင့် နိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့နေကြောင်း သိရပါတယ်။(NVS 003)

22 Sep

ADVERTISE HERE .