ထုတ်ပယ်ခံရမယ့် နည်းပြများစာရင်းတွင် ပါဝင်လာတဲ့ ပိုစတီကိုဂလူး
21 Sepစပါးအသင်းရဲ့နည်းပြ ပိုစတီကိုဂလူး အနေနဲ့ ယခုရာသီမှာ ပရီးမီးယားလိဂ်မှ အစောဆုံးထုတ်ပယ်ခံရနိုင်တဲ့ နည်းပြများစာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။ ပိုစတီကိုဂလူး က ၂၀၂၃ ခုနှစ် နွေရာသီမှာ ဆဲလ်တစ်အသင်းမှ စပါးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ စပါးအသင်းကို အဆင့်(၅)နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်များရဲ့ ထောက်ခံမှုရရှိခဲ့ပေမယ့် ယခုရာသီမှာတော့ ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁ ပွဲသာရရှိပြီး ၁ ပွဲသရေ၊ ၂ ပွဲရှုံးခဲ့တဲ့အတွက် ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိတယ်လို့ ထင်ကြေးပေးခံလာရခြင်းဖြစ်ပါတယ်။(NVS 008)
21 Sep