အသင်းလေးသင်းနဲ့ ဥရောပပြိုင်ပွဲကစားခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ စတာလင်

21 Sep

တောင်ပံကစားသမား စတာလင် အနေနဲ့ အာဆင်နယ်အသင်းနဲ့ အတ္တလန်တာအသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ပြီး အင်္ဂလန်ကလပ်အသင်း လေးသင်းဖြင့် ဥရောပပြိုင်ပွဲကစားခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်တွင် စတာလင် က လူစားဝင်ကစားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး မှတ်တမ်းတစ်ခု ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က လီဗာပူးလ်အသင်း၊ မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့နဲ့ ဥရောပပြိုင်ပွဲများ ပါဝင်ကစားခဲ့ပြီး ယခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ရခဲ့တာကြောင့် မတူညီတဲ့ ကလပ်အသင်းလေးသင်းနဲ့ ဥရောပပြိုင်ပွဲကစားခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ စတာလင် အနေနဲ့ ချန်ပီယံလိဂ်တွင် သွင်းဂိုး ၂၇ ဂိုးသွင်းယူထားခဲ့ပြီး ဟယ်ရီကိန်း ၃၃ ဂိုးနဲ့ ရွန်းနီ ဂိုး ၃၀ တို့ရဲ့ နောက်မှာ တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။(NVS 008)

21 Sep

ADVERTISE HERE .