ဂေါ်ဒွန် ကို အမြင့်ဆုံးလစာနဲ့ သက်တမ်းတိုးဖို့စီစဉ်နေတဲ့ နယူးကာဆယ်လ်အသင်း
21 Sepနယူးကာဆယ်အသင်းက တိုက်စစ်ကစားသမား ဂေါ်ဒွန် ကို အသင်းရဲ့ အမြင့်ဆုံးလစာနှုန်းထားနဲ့ သက်တမ်း တိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေတယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းက တိုက်စစ်ကစားသမား ဂေါ်ဒွန် ကို ၂၀၂၃ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အဲဗာတန် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဂေါ်ဒွန် ဟာ အသင်းသို့ ရောက်ရှိကတည်းက ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂေါ်ဒွန် ကို ခေါ်ယူရန် စိတ်ဝင်စားတဲ့ အသင်းများစွာရှိလာတဲ့အတွက် နယူးကာဆယ်အသင်းက သက်တမ်းတိုးစာချုပ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက ဂေါ်ဒွန်ကို ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားရာမှာ လစာအဖြစ် တစ်ပတ်ပေါင် ၆၀,၀၀၀ သာ ပေးချေနေခြင်းဖြစ်ပြီး သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့ပါက လက်ရှိလစာရဲ့ ၃ ဆဝန်းကျင်အထိ တိုးမြှင့်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။(NVS 008)