အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို ဒီဘရိုင်း လွဲချော်နိုင်ကြောင်း နည်းပြ ဂွါဒီယိုလာ ပြော

21 Sep

မန်စီးတီးအသင်းနဲ့ အင်တာမီလန်အသင်း တို့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၁)မှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပြီး မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်း အနေနဲ့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး လာမည့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လွဲချော်နိုင်ကြောင်း နည်းပြ ဂွါဒီယိုလာ က ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်း ဟာ အင်တာမီလန်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်ပြီးဆုံးခါနီးမှာ အသင်းဖော်ကစားသမား ဂရီးလစ်ရှ် ကို ဘောလုံးပေးပို့ရန် ကြိုးစားခဲ့ရာမှ ဒဏ်ရာရရှိခဲ့ပြီး ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဂန်ဒိုဂမ် နဲ့ လူစားလဲခဲ့ရပါတယ်။ လက်ရှိတွင် လိုအပ်သော စစ်ဆေးမှုများပြုလုပ်နေပြီး ဒဏ်ရာအခြေအနေကို ထုတ်ပြန်နိုင်မှာဖြစ်လို့ လာမည့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ အသင်းဆေးအဖွဲ့ရဲ့ ပြောကြားချက်ကို ဂွါဒီယိုလာ က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။(NVS 008)

21 Sep

ADVERTISE HERE .