ဟွိုက်လန်း နဲ့ မေဆင်မောင့် တို့ လေ့ကျင့်ခန်းပြန်ဆင်း

21 Sep

မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမား ဟွိုက်လန်း နဲ့ မေဆင်မောင့် တို့ဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရာမှ ပြန်လည်သက်သာလာလို့ အသင်းနှင့်အတူ လေ့ကျင့်ခန်းပြုလုပ်နေကြောင်း နည်းပြ တန်ဟတ် က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟွိုက်လန်း က ပြီးခဲ့တဲ့ရာသီကြိုခြေစမ်းပွဲ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး မေဆင်မောင့် ကတော့ ရာသီအစ ပွဲစဉ်နှစ်ပွဲတွင် ပါဝင်ကစားခဲ့ရာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ယခုအခါ ကစားသမားနှစ်ဦးလုံး ဒဏ်ရာမှသက်သာလာခဲ့လို့ အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတာ ဖြစ်ပါတယ်။ နည်းပြ တန်ဟတ် က အဓိကကစားသမားများ ဒဏ်ရာပြဿနာကြုံတွေ့နေချိန်မှာ ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်၌ ဖူဟမ်အသင်းကို အနိုင်ရရှိခဲ့သော်လည်း ဘရိုက်တန်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးနဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းတွင် သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေကျရောက်ခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ သုံးဂိုးပြတ်နဲ့ ပြန်လည်အနိုင်ရရှိခဲ့တဲ့အပြင် ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဘန်စလေအသင်းကို ခုနစ်ဂိုးပြတ်နဲ့ ထပ်မံအနိုင်ရခဲ့တာကြောင့် တိုက်စစ်ကစားပုံထက်မြက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယုံကြည်မှု ပြန်လည်ရရှိခဲ့ပါတယ်။(NVS 008)

21 Sep

ADVERTISE HERE .