ဘွဲ့လွန်ဆေးပညာ အရည်အချင်းစစ်စာမေးပွဲ ရက်ပြောင်းလဲ

21 Sep

၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းတွေရဲ့ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲများ ကျင်းပ စစ်ဆေးမယ့်ရက်ကို ပြောင်းလဲကျင်းပသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့ပါတယ်။ ဆရာဝန်များ၊ သူနာပြုများနဲ့ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများ၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ အင်အားဖြည့် ပါဝင်ဆောင်ရွက်နေရတာကြောင့် အခုလို ရက်ပြောင်းလဲကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၅ ပညာသင်နှစ်မှာ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေမှာ ဖွင့်လှစ်မယ့် ဘွဲ့လွန်ဆေးပညာ ဒီပလိုမာသင်တန်းများ၊ ဆေးပညာမဟာသိပ္ပံသင်တန်းများနဲ့ ပါရဂူဘွဲ့သင်တန်းများအတွက် ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲတွေကို အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက်တွေမှာ ကျင်းပစစ်ဆေးဖို့ ယခင်ကြေညာထားခဲ့ပြီး လက်ရှိမှာတော့ အဆိုပါ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲတွေကို အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ ကျင်းပစစ်ဆေးဖို့ ပြောင်းလဲသတ်မှတ်ကြောင်း အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း သိရပါတယ်။(NVS 003)

21 Sep

ADVERTISE HERE .