မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိ

21 Sep

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်ကနေ ဩဂုတ်လ ၁၆ ရက်အတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကနေ သိရပါတယ်။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုအနေနဲ့ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်နဲ့ ထီးခီးကုန်သွယ်ရေးစခန်း တွေမှာ ပို့ကုန်တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော်ရှိခဲ့ပြီး သွင်းကုန်တန်ဖိုးပမာဏမှာ အမေရိကန် ဒေါ်လာသန်း ၁၉၀ ကျော်ရှိခဲ့ကာ စုစုပေါင်းကုန်သွယ်မှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော် ရှိခဲ့ပါတယ်။ ပြည်ပနိုင်ငံတွေကို ပို့ကုန်တင်ပို့မှုအနေနဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ရေထွက်ကုန်ပစ္စည်း၊ ရော်ဘာစိမ်း၊ CMP အထည်၊ သဘာဝဓာတ်ငွေ့နဲ့ သကြားတို့ကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ သွင်းကုန်တင်သွင်းမှုမှာ လျှပ်စစ်မော်တော်ယာဉ်များ၊ စက်နဲ့စက်ပစ္စည်းများ၊ ဆေးနဲ့ဆေးဝါးပစ္စည်းများ၊ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနဲ့ စက်မှုသုံးကုန်ကြမ်းပစ္စည်းများကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ (NVS 003)

21 Sep

ADVERTISE HERE .