ကုန်စျေးနှုန်းသတင်း ၂၀.၉.၂၀၂၄

20 Sep

စက်တင်ဘာလ ၂၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေသလို ကုလားပဲဈေးလည်း အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ မန်ကျည်းသီနဲ့ အာလူးဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်နီနဲ့ ထန်းလျက်ဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၈,၀၂၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၄၀,၃၀၃ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၅၈၀ ကျပ်ကနေ ၆,၆၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၅၆,၆၉၆ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၈၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာ ကို ၆,၀၀၀ ကျပ်ကနေ ၆,၃၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၃၁၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၈၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၃၃၀ ကျပ်ကနေ ၇,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၈,၃၀၀ ကျပ်ကနေ ၁၈,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၆,၄၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၄၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၅,၂၅၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၈၈၀ ကျပ် ဖြစ်နေတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၆၀ ကျပ်၊ မန္တလေးမှာ ၃,၁၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၁၅ ကျပ်၊ မန္တလေးမှာ ၃,၂၉၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၇၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၅ ကျပ်၊ မန္တလေးမှာ ၂,၆၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၃၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၃၅ ကျပ်၊ မန္တလေးမှာ ၃,၃၁၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၉၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၂၁၆,၀၂၁/-) ငါးဆယ် နှစ်သိန်း တစ်သောင်း ခြောက်ထောင် နှစ်ဆယ် တစ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၈၉၀,၀၀၀ိ/-) ခြောက်ဆယ် ရှစ်သိန်း ကိုးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

20 Sep

ADVERTISE HERE .