“ပတ်ဒရီ ကို စာချုပ်သစ်ချုပ်ဆိုရန် ဘာစီလိုနာအသင်းဆွေးနွေး”
20 Sepဘာစီလိုနာအသင်းက အသင်းရဲ့ကွင်းလယ်ကစားသမား ပတ်ဒရီ ကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားတဲ့ ပတ်ဒရီ ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမှာ ဖြစ်တာကြောင့် အခုလို သက်တမ်းတိုးဖို့ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၁ အရွယ်သာရှိသေးတဲ့ ပတ်ဒရီ က ၂၀၂၀ နွေရာသီမှာ လက်ပါမားစ်အသင်းမှ ဘာစီလိုနာအသင်းကို ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ပတ်ဒရီ ဟာ ဘာစီလိုနာအသင်းမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့နိုင်ခဲ့ပေမယ့် ၂၀၂၁-၂၂ ရာသီမှာ ဒဏ်ရာပြဿနာများနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ပတ်ဒရီ ဟာ ယခုရာသီမှာ ဘာစီလိုနာအတွက် ခြေစွမ်းပြနေတာကြောင့် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေလျက်ရှိပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းက စာချုပ်မကုန်ဆုံး ခင် ပတ်ဒရီ ကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် ဆွေးနွေးနေပြီး သဘောတူညီမှုရရန် နီးစပ်နေတယ်လို့ သိရပါတယ်။ (NVS 008)