“ ဝက်ကင်စ် ရဲ့ ဒဏ်ရာစိုးရိမ်စရာမရှိဘူးလို့ဆိုတဲ့ အက်စတွန်ဗီလာအသင်းနည်းပြ အမ်မရီ”

20 Sep

အက်စတွန်ဗီလာနည်းပြ အမ်မရီ က ယန်ဘွိုင်းစ်နှင့်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အသင်းတိုက်စစ်မှူး ဝက်ကင်စ် အတွက် စိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယန်ဘွိုင်းအသင်းနဲ့ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဝက်ကင်စ် က ပွဲချိန် ၆၀ မိနစ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။ ဝက်ကင်စ် ဟာ စနေနေ့မှာကစားမယ့် ဝုလ်ဗ်အသင်းနှင့်ပွဲစဉ်မှာ ပါဝင်ကစားဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

20 Sep

ADVERTISE HERE .