“ဗြိတိန်အိုလံပစ်ကစားသမားများနဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်”
20 Sepဗြိတိန်ဝန်ကြီးချုပ် စတာမာ ဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲဝင် ဗြိတိန်အိုလံပစ်အသင်းနဲ့ ဗြိတိန် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲဝင်များကို ဒေါင်းနင်းလမ်းနေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဗြိတိန်အိုလံပစ်အသင်းဟာ ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ် ၆၅ ခုရရှိခဲ့သလို မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ဗြိတိန်မသန်စွမ်းအိုလံပစ်အသင်းက ဆုတံဆိပ် ၁၂၄ ခုရရှိခဲ့ပြီး စုစုပေါင်း ဆုတံဆိပ် ၁၈၉ ခုအထိ ရရှိခဲ့ကြပါတယ်။ အိုလံပစ်ပြိုင်ပွဲတစ်လျှောက် ဗြိတိန်အိုလံပစ်အသင်းအတွက် အအောင်မြင်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်စေခဲ့တာ ကြောင့် အိုလံပစ်ပြိုင်ပွဲဝင်တွေနဲ့ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲဝင်တွေကို ကျေးဇူးတင်မိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် စတာမာ က အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။ အခုလိုအိုလံပစ်ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိအောင် ကြိုးစားပေးခဲ့တဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ခွန်အားနဲ့ စွမ်းဆောင်ရည်တွေက နောင်လာနောက်သား တွေအတွက် အတုယူစရာဖြစ်မှာ သေချာတယ်လို့လည်း ဗြိတိန်ဝန်ကြီးချုပ် စတာမာ က ဆက်လက်ပြောကြားခဲ့ပါတယ်။ (NVS 008)