“အိုဒီဂတ် ရဲ့ဒဏ်ရာ ထင်ထားတာထက် ပိုမိုပြင်းထန်ဟုသိရ”

20 Sep

နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဩစတြီးယားအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ နော်ဝေကွင်းလယ်လူ အိုဒီဂတ် ရရှိခဲ့တဲ့ ဒဏ်ရာဟာ ထင်ထားတာထက် ပိုမိုပြင်းထန်တယ်လို့ အာဆင်နည်းပြ အာတီတာ က စက်တင်ဘာလ ၁၈ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အိုဒီဂတ်ဟာ ဩစတြီးယားအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ဆက်မကစားနိုင်တော့တာကြောင့် ပွဲချိန် ၆၇ မိနစ်မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ အိုဒီဂတ် ဟာ ဒဏ်ရာကြောင့် ၃ ပတ်ခန့် အနားယူရတော့မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် နည်းပြအာတီတာ ကတော့ အိုဒီဂတ်ရဲ့ ဒဏ်ရာက ထင်ထားတာထက် ပိုမိုပြင်းထန်နေတယ် လို့ ပြောကြားခဲ့ပါတယ်။ ဆေးစစ်ချက် အဖြေအရ အိုဒီဂတ် ရဲ့ဒဏ်ရာက ပြင်းထန်ခဲ့ပေမဲ့ အချိန်အတော်ကြာ အနားမယူရဖို့အတွက် မျှော်လင့်မိတယ်လို့ နည်းပြ အာတီတာ က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။ (NVS 008)

20 Sep

ADVERTISE HERE .