“လက်ဘနွန်တွင် ဆက်သွယ်ရေးပစ္စည်းများ ပေါက်ကွဲမှုကြောင့် ၃၇ ဦးသေဆုံး ၃,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့”

20 Sep

လက်ဘနွန်နိုင်ငံတွင် ဆက်သွယ်ရေးပစ္စည်းများဖြစ်သည့် ပေဂျာများနှင့်လက်ကိုင် ရေဒီယိုများ ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ၃၇ ဦးနှင့် ဒဏ်ရာရရှိသူ ၃,၀၀၀ နီးပါး ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီး က စက်တင်ဘာလ ၁၉ ရက်တွင် ပြောသည်။ စက်တင်ဘာလ ၁၇ ရက်တွင်ဖြစ်ပွားသော ပေဂျာများ ပေါက်ကွဲမှုမှ ၁၂ ဦးသေဆုံးပြီး ၂,၃၂၃ ဦး ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများအနက် ၂၂၆ ဦးမှာ ဆေးရုံတက်နေရဆဲဖြစ်သည်။ အလားတူ စက်တင်ဘာလ ၁၈ ရက်တွင် ဖြစ်ပွားသော လက်ကိုင်ရေဒီယိုများ ပေါက်ကွဲမှု က လူ ၂၅ ဦး သေဆုံးစေ ပြီး ၆၀၈ ဦးကို ဒဏ်ရာ ရစေကာ ၎င်းတို့အနက် ၆၄ ဦးမှာ ဆေးရုံတက်နေရဆဲဖြစ်သည်။ စက်တင်ဘာလ ၁၉ ရက်တွင် လက်ဘနွန်အရပ်ဘက် လေကြောင်းလိုင်းမှ ညွှန်ကြားရေးမှူးချုပ် က လေကြောင်းလိုင်းများအားလုံး ပေဂျာများနှင့် လက်ကိုင်ရေဒီယိုများကို လေယာဉ်ပေါ် တင်ဆောင်ခြင်းမပြုရန် တားမြစ်ထားသည်။ ထိုသို့ ပေါက်ကွဲမှုများကို အစ္စရေးထောက်လှမ်းရေးဘက်က လုပ်ဆောင်ခြင်းဖြစ်သည်ဟု အချို့က စွပ်စွဲထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

20 Sep

ADVERTISE HERE .