“ရေဘေးကြောင့် ဆရာ၊ဆရာမ၊ဝန်ထမ်း ၉,၅၀၀ ဦးကျော် ရေဘေးသင့်”

20 Sep

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရေဘေးအန္တရာယ်ကြောင့် ရေဘေးသင့်ခဲ့တဲ့ ဆရာ၊ဆရာမ၊ဝန်ထမ်း ၉,၅၁၈ ဦး ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နံနက်ပိုင်းက တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသနှင့်ပြည်နယ် ပညာရေးမှူး များကို နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့မှာ ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပြီး ပညာရေးဝန်ကြီးဌာနမှာ ရေဘေးသင့်ကျောင်း ၁,၄၆၉ ကျောင်းရှိခဲ့ပြီး ဆရာ၊ဆရာမ၊ဝန်ထမ်း ၉,၅၁၈ ဦး ရေဘေးသင့်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရေဘေးသင့် ဆရာ၊ဆရာမများကို ရေဘေးကင်းလွတ်တဲ့ ဒေသများရှိ ပညာရေးဝန်ထမ်း မိသားစုများရဲ့ ဆန္ဒအလျောက်ကူညီမှုနဲ့ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပြီး တာဝန် ရှိသူများက ရေဘေးကြောင့် ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံးမှုဆိုင်ရာစာရင်းများကို မှန်မှန်ကန်ကန်နှင့် စနစ်တကျပြုစုပေးပို့ ရမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

20 Sep

ADVERTISE HERE .