“အသေးစား၊ အလတ်စား ဆန်ဆိုင်များ ဆန်သိုလှောင်ရုံ မှတ်ပုံတင်စနစ်မှာ ထည့်သွင်းနိုင်ရေး စီစဉ်နေ”

20 Sep

စားသုံးသူဈေးကွက်အတွင်းရောင်းချနေတဲ့ အသေးစား၊ အလတ်စား ဆန်ဆိုင်များ ဆန်သိုလှောင်ရုံ မှတ်ပုံတင်ရမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဆန်သိုလှောင်ရုံများသာမက အသေးစား၊ အလတ်စား ဆန်ဆိုင်များ ဆန်သိုလှောင်ရုံ မှတ်ပုံတင်စနစ်(Myanmar Rice Online: MyRO)မှာ ထည့်သွင်းနိုင်ရေး စီစဉ်နေတယ်လို့ သိရပါတယ်။ အသေးစား၊ အငယ်စား ဆန်ဆိုင်များ ဖြစ်တဲ့ ၁၀ ပေ၊ ပေ ၂၀ ပတ်လည်အလျား ၁၀ ပေ၊ အနံပေ ၂၀ ဆိုင်ခန်းများနှင့် ဆန်ရောင်းချသူများလည်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ၎င်းတို့အနေနဲ့ မှတ်ပုံတင်ကြေး ပေးဆောင်ရန် မလိုအပ်ကြောင်း သိရပါတယ်။ ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်နှင့် စျေးနှုန်း တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုတဲ့ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း မှာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေနဲ့ Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo)-www.myro.com.mm မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှစတင်ကာ မှတ်ပုံတင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ အသိပေးကြေညာခဲ့ပါတယ်။ (NVS 003)

20 Sep

ADVERTISE HERE .