“မဲနယ်တောင်ဒေသမှာ ရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့တံတားများကို ယာယီတံတားသစ် အစားထိုးတည်ဆောက်နေ”

20 Sep

မဲနယ်တောင်ဒေသမှာ ရေကြီးမှုကြောင့် ပျက်စီးခဲ့တဲ့ တံတားများကို ပြည်သူများသွားလာရေး အဆင်ပြေ စေရန် ယာယီတံတားသစ်များ အစားထိုးနေတယ်လို့ သိရပါတယ်။ ယာဂီမုန်တိုင်းအရှိန်ကြောင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာ စက်တင်ဘာလ ၁၀ ရက်မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် လူနေအိမ်၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ဟိုပုံးမြို့နယ်မှာ ပေ ၁၈၀ အောက် တံတာ ၁၀ စင်း မျောပါပျက်စီး ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် မဲနယ်တောင်ဒေသရှိ ကျေးရွာများမှ ရေဘေးဒုက္ခသည်များမှာ အကူအညီများလိုအပ်နေခဲ့ရပါတယ်။ ပြင်ဆင်အစားထိုးရာမှာ စံဖူး-ကျောက္ကချား-နောင်စုံလမ်းပေါ်ရှိ ပေ ၂၀ အရှည် ကွန်ကရစ်တံတား မျောပါပျက်စီးခဲ့တာကို ယာယီသစ်သားတံတား တည်ဆောက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 003)

20 Sep

ADVERTISE HERE .