“သန်လျင်ကျိုက်ခေါက်စေတီရှိ ကြေးသွန်းတန်ဆောင်းတော်ကြီးကို အသစ်ပြုပြင်တည်ဆောက်မည်”

20 Sep

သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီရဲ့ ကြေးသွန်းတန်ဆောင်းကြီးကို အသစ်ပြန်လည်တည်ဆောက်ရန် စေတီတော်ဂေါပကအဖွဲ့နှင့် မြို့မဈေးကြီးဈေးသူဈေးသားများပါဝင်တဲ့ ပြုပြင်တည်ဆောက်ရေးအဖွဲ့က စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါကြေးသွန်းတန်ဆောင်းတော်ကြီးမှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်တဲ့အတွက် ပျက်စီးယိုယွင်းမှုများကြောင့် အသစ်ပြန်လည်တည်ဆောက်ရခြင်းဖြစ်ပါတယ်။ အခုလိုပြန်လည်တည်ဆောက်ရာမှာ အလှူရှင်များရဲ့ စုပေါင်းအား နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ပါဝင်ကုသိုလ်ပြုလှူဒါန်းလိုသူများအနေနဲ့ ဂေါပကအဖွဲ့ဖုန်း ၀၉-၇၉၉၄၅၈၀၀၉၊ ဦးဌေးဝင်း (နီလာမင်းရွှေဆိုင်၊ မြို့မဈေး) ၀၉-၅၀၁၅၀၂၁၊ ဒေါ်သန်းရွှေအထည်ဆိုင်၊ မြို့မဈေး ၀၉-၉၆၅၀၀၇၉၄၄ တို့ထံ ဆက်သွယ်ကာလှူဒါန်းနိုင်ပါတယ်။ ကျိုက်ခေါက်စေတီတော်မြတ်က မြန်မာနိုင်ငံရှိ တန်ခိုးကြီးစေတီတော် တစ်ဆူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့တောင်ဘက် သန်လျင်ကျောက်တန်းလမ်းအနီး ဥတ္တရင်္ဂကုန်းပေါ်မှာ ကိန်းဝပ်တော်မူလျက်ရှိပါတယ်။ ကျိုက်ခေါက်စေတီမှာ ရှေးဟောင်းစေတီတော်တစ်ဆူ ဖြစ်တဲ့ပြင် ရှေးမွန်ဗိသုကာပညာရပ်များနဲ့ တည်ထားခဲ့ပြီး စေတီရဲ့ဉာဏ်တော်မှာ ၂၃၃ ပေ၊ ဖိနပ်တော်အဝန်းမှာ ပေ ၉ဝဝ ဖြစ်ပါတယ်။ (NVS 004)

20 Sep

ADVERTISE HERE .