“မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေး စီမံကိန်းများအတွက် ငွေကျပ် ၂၀ဝ ဘီလီယံကျော် သုံးစွဲရန်လျာထား”

19 Sep

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့ရေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၂၀ဝ ဘီလီယံကျော် သုံးစွဲရန်လျာထားကြောင်းနှင့် အစားထိုး ပင်မဓာတ်အားခွဲရုံနှင့် မဟာဓာတ်အားလိုင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း ငွေကျပ် ၄၄ ဘီလီယံကျော်ကို ယခုဘဏ္ဍာနှစ်အတွင်း သုံးစွဲသွားရန်ရှိကြောင်း သိရပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ယခုဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ် သန်း ၇,၀၅၀ ကျပ်ကို သုံးစွဲရန်လျာထားပြီး လက်ရှိမှာတော့ မြန်မာတစ်နိုင်ငံလုံး၌ ဓာတ်အား စနစ်ဖြင့် မီးလင်းရန်ကျန်ရှိနေသည့် မြို့များမှာ ၁၀၈ မြို့ရှိပြီး ကျေးရွာများမှာလည်း ၃၄,၆၅၉ ရွာ ကျန်ရှိနေပါတယ်။ ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍ၌ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးခြင်းဖြင့် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်သူ အိမ်ထောင်စုပေါင်း ၇ ဒသမ ၄ သန်း ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံးအိမ်ထောင်စု ဦးရေ၏ ၆၈ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာရန် မျှော်မှန်းထားကြောင်း သိရပါတယ်။ (NVS-004)

19 Sep

ADVERTISE HERE .