“အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း စုစုပေါင်း ၅၃၈ ခုကို ဓာတ်ခွဲ စမ်းသပ်ပေးပြီးဖြစ်”

19 Sep

မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်း စုစုပေါင်း ၆၂၅ ခုကို ဓာတ်ခွဲစမ်းသပ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ပထမပတ်အထိ ၅၃၈ ခုကို ဓာတ်ခွဲစမ်းသပ်ပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၎င်းတို့၏ ထုတ်ကုန်များ အရည်အသွေးမြင့်မားလာစေရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် စတဲ့ ရည်ရွယ်ချက်များဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထိုကဲ့သို့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဝယ်ယူသုံးစွဲသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် စားသောက်ကုန်နှင့် လူသုံးကုန်များတွင် တားမြစ်ထားသော တာရှည်ခံဆေးများ၊ အစိုဓာတ်များ၊ အဏုဇီဝပိုးများနှင့် ဘေးဥပဒ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်နေမှုရှိ၊ မရှိတို့ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေး လျက်လည်း ရှိပါတယ်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို တစ်နှစ် ထက်တစ်နှစ် ပိုမိုလုပ်ဆောင်လာနိုင်ရန် ခေတ်မီစက်ကိရိယာများ ၀ယ်ယူဖြည့်တင်းခြင်း၊ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

19 Sep

ADVERTISE HERE .