“ပွဲစဉ်များပြားမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာ”

19 Sep

မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ရိုဒရီ က တစ်ရာသီအတွင်း နိုင်ငံအသင်းနဲ့ ကလပ်အသင်းတွေမှာ ကစားရမယ့်ပွဲစဉ်တွေ များပြားလွန်းနေတဲ့အပေါ် စက်တင်ဘာလ ၁၇ ရက်က ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။ အခုဘောလုံးရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ် စတဲ့ ဥရောပပြိုင်ပွဲတွေကို ပုံစံသစ်နဲ့ကျင်းပနေပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အသင်းအရေအတွက် ၃၂ သင်းအထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကစားသမားတွေအနေနဲ့ နိုင်ငံပွဲစဉ်တွေ ကစားရတဲ့အပြင် ကလပ်အသင်းပွဲစဉ်အရေအတွက် က များပြားလာတာကြောင့် ရိုဒရီ က ပြိုင်ပွဲကြီးကြပ်သူတွေအနေနဲ့ ကစားသမားတွေကို အခုလိုမျိုး ပွဲစဉ်တွေ များပြားစွာ ကစားခိုင်းနေဦးမယ်ဆိုရင် ကစားသမားတွေကလည်း ဒီဆုံးဖြတ်ချက်တွေအပေါ် ဆန့်ကျင်ဖို့အတွက် နီးစပ်နေပြီလို့ ရိုဒရီ က ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ ပွဲစဉ်တွေ များပြားလွန်းနေတာက ကစားသမားတွေအတွက် မကောင်းသလို ဒီတိုင်းသာ ဆက်လုပ်နေဦးမယ်ဆိုရင် ဆန့်ကျင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ နည်းလမ်းမရှိဘူးလို့လည်း ရိုဒရီက ဆက်လက်ပြောကြားခဲ့ပါတယ်။ ပွဲစဉ်တွေ များပြားလာတဲ့အပေါ် လီဗာပူးအသင်းရဲ့ဂိုးသမား အလီဆင်အပြင် ဒီဘရိုင်း၊ အကန်ဂျီ စတဲ့ မန်စီးတီးကစားသမားတွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။ (NVS 008)

19 Sep

ADVERTISE HERE .