“တောင်ငူမြို့ ဝက်ဖြူကုန်းကျေးရွာဘုန်းကြီးကျောင်းမှာ လူတစ်ရာကျော် အစာဆိပ်သင့်ကာ တောင်ငူဆေးရုံ ပို့ဆောင်နေရ”

19 Sep

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ ဝက်ဖြူကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ရေဘေးရှောင် နေရတဲ့ လူတစ်ရာကျော် အစာအဆိပ်သင့်ကာ တောင်ငူဆေးရုံသို့ စက်တင်ဘာလ ၁၈ ရက်ညပိုင်းက ပို့ဆောင်ပေးခဲ့ ရတယ်လို့ သိရပါတယ်။ အစာအဆိပ်သင့်ဖြစ်ပွာသော လူဦးရေသည် လူကြီး ၆၅ ဦး၊ ကလေး ၆၅ ဦးနှင့် စုစုပေါင်း ၁၃၀ ဦးဖြစ်ကာ သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။ တောင်ငူမြို့ရှိ အချို့သောနေရာများမှာ ရေပြန်ကျပြီဖြစ်ပေမယ့် အချို့ကျေးရွာ များက ရေနစ်မြုပ်နေကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာလ ၁၇ ရက်က နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့ ချောင်းခြားကျေးရွာမှာ အလှူရှင်များလှူဒါန်းတဲ့ အစားအစာများကို စားသုံးမိရာမှ ကယ်ဆယ် ရေးလုပ်ဆောင်နေကြသူများနှင့် ဒေသခံစုစုပေါင်း ၁၁၅ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး လူနာများအားလုံး ပြန်လည်ကျန်းမာလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

19 Sep

ADVERTISE HERE .