“တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ‌နေရာကွက်ကာမိုးကြီးမည်”

19 Sep

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနရဲ့ ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်လျက်ရှိတဲ့ မုန်တိုင်းငယ်ကြောင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ နေရာကွက်ကာ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာကာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်အရှေ့ဘက်မှလာသော မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်တွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန် ပြည်နယ်များမှာ နေရာကွက်ကာမိုးကြီးနိုင်ပြီး မြေပြိုမှုအန္တရာယ်နှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာနိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ဖို့အတွက် စာတိုစနစ် ပေးပို့ သတိပေးထားတယ်လို့ သိရပါတယ်။(NVS 008)

19 Sep

ADVERTISE HERE .