“ရေဘေးသင့်ဒေသများအတွက် နော်ဝေးနိုင်ငံက အမေရိကန်ဒေါ်လာ ငါးသိန်း ကနဦး ထောက်ပံ့ကူညီ”

19 Sep

မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ဒေသများကို ကူညီရန်အတွက် နော်ဝေးနိုင်ငံ UNOPS ရဲ့ ဘက်စုံရန်ပုံငွေ ယန္တရား အလှူရှင်များနှင့် ပူးပေါင်းကာ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀(၅ သိန်း)ကို ကနဦးအနေနဲ့ ထောက်ပံ့ ပေးထားတယ်လို့ နော်ဝေးသံရုံးက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ထောက်ပံ့မှုများအတွင်း အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးများနှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများပါဝင်ပြီး၊ နော်ဝေကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှတစ်ဆင့် အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးအတွက် ငွေသားနှင့် အစားအသောက် ပါဆယ်ထုပ်များကို ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကြက်ခြေနီ လူမှုဂရုဏာ စေတနာရှင်အဖွဲ့များနဲ့ ပူးပေါင်းကာ ရေဘေးသင့်ဒေသများရှိ ပြည်လူလူထုများထံသို့ တိုက်ရိုက်အကူအညီများလည်း ပေးပို့ကူညီလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

19 Sep

ADVERTISE HERE .