“သွားလာရေးအခက်အခဲတဲ့ ဟိုပုန်းမြို့၊ မဲနယ်တောင်ဒေသရှိ ရေဘေးဒုက္ခသည်များ အကူညီလိုအပ်နေ”

19 Sep

လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျေးရွာများမှ ရေဘေးဒုက္ခသည်များ အကူအညီများလိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ မဲနယ်တောင်ဒေသ အဝင်လမ်းဖြစ်တဲ့ ထမ်းအယ်ကျေးရွာမှာ တောင်ကျရေများကြောင့် လမ်းပျက်စီးနေပြီး သွားလာရခက်ခဲနေတာကြောင့် အလှူရှင်များသွားရောက်ကူညီနိုင်ရန် အခက်အခဲများ ရှိနေတယ် လို့ သိရပါတယ်။ အဆိုပါ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ် ပျက်စီးသွားတဲ့ လမ်းများအမြန်ပြန်လည် သွားလာနိုင်ရေး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း စီစဉ်နေတယ်လို့ သိရပါတယ်။ ( NVS 008)

19 Sep

ADVERTISE HERE .