“တောင်ကြီးမြို့ဝေဠုဝန်ကျောင်းဆရာတော်ဦးဆောင်ကာ ပုံးအင်းဒေသ ကျေးရွာ ၄ ရွာသို့ စားနပ်ရိက္ခာများ သွားရောက် ကူညီထောက်ပံ့”

19 Sep

ရေလွှမ်းမိုးလျက်ရှိတဲ့ ပုံးအင်းဒေသ ကျေးရွာ ၄ ရွာသို့ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၇ ရက်က တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းဆရာတော်မှ ဦးဆောင်ကာ တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က လိုအပ်သော စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကျေးရွာ‌ ၄ ရွာဖြစ်တဲ့ နောင်စန့်ရွာ၊ ကုန်းသာရွာ၊ ဝမ်ပုံရွာနှင့် ဖတ်ကုမ်ရွာရှိ ဒေသခံများထံသို့ ကူညီခဲ့ကြခြင်းဖြစ်ပြီး၊ အခြားသော ကျေးရွာများရှိ ရေဘေးသင့်ပြည်သူအချို့မှာ ဆီဆိုင်မြို့ ကက္ကူကျောင်းတိုက်သို့ တိမ်းရှောင်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။ အဆိုပါ ပုံးအင်းဒေသမှာ ကျေးရွာပေါင်း ၁၀၀ နီးပါးရှိပြီး၊ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား အသက်မွေးဝမ်းကျောင်းပြုကြကာ နာမည်ကျော် နောင်မွန်ဆန် ထွက်ရှိရာဒေသ ဖြစ်ပါတယ်။ (NVS 008)

19 Sep

ADVERTISE HERE .