“ယခုဘဏ္ဍာနှစ်အတွင်း သကြားစက်ရုံနှစ်ခု တိုးချဲ့လည်ပတ်သွားရန် စီစဉ်လျက်ရှိ”

18 Sep

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်းမှာ သကြား စက်ရုံနှစ်ခုကို တိုးချဲ့လည်ပတ်သွားနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း(MSCA)မှ သိရပါတယ်။ အဆိုပါ စက်ရုံနှစ်ခုအနက် တစ်ခုမှာ လွန်ခဲ့သောသုံးနှစ်ဝန်းကျင်က စတင်ဆောင်ရွက်ခဲ့သော်လည်း လတ်တ လောမှာ အပြည့်အဝမလည်ပတ်နိုင်တဲ့အတွက် အပြည့်အဝ လည်ပတ်ထုတ်လုပ်နိုင်ရန် လုပ်ဆောင်လျက်ရှိနေပါ တယ်။ ပြည်တွင်း သကြားလက်ကျန်ပေါ်မူတည်၍ ပြည်ပဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချခြင်းများရှိပြီး မြန်မာ တစ်နိုင်ငံလုံးမှာ စုစုပေါင်း သကြားစက်ရုံ ၂၃ ရုံရှိရာ နှစ်စဉ်ထွက်ရှိတဲ့ သကြားမှာတန်ချိန်မှာ ပျမ်းမျှလေးသိန်းခန့် အထိ ရှိကြောင်း သိရပါတယ်။ (NVS-004)

18 Sep

ADVERTISE HERE .