“နေပြည်တော်မြို့ အဝင်မုခ်ဦးပုံစံ Conceptual Design ရေးဆွဲရန်အတွက် စိတ်ပါဝင်သူများ ဖိတ်ခေါ်”

18 Sep

နေပြည်တော်မြို့အဝင် ရာဇသင်္ဂဟလမ်းမကြီးပေါ်တွင် မြို့အဝင်မုခ်ဦးပုံစံ Conceptual Design ကို ရေးဆွဲရန် အတွက် စိတ်ပါဝင်စားသူများကို မုခ်ဦးပုံစံဒီဇိုင်းရေးဆွဲပေးပို့ရန်အတွက် ဖိတ်ခေါ်ထားကြောင်း နေပြည်တော် စည်ပင် သာယာရေးကော်မတီမှ သိရပါတယ်။ ရေးဆွဲရန် ဒီဇိုင်းနေနဲ့ မုခ်ဦးအလျားခန့်မှန်း ၂၀၀ ပေခန့်၊ အနံ ၅၀ပေခန့်၊ (Clear Span ၁၁၈ ပေ)၊ အခြေခံပုံစံ အဖြစ် အဆိုပြုနေရာတွင် မုခ်ဦးအဆောက်အဦသည် လမ်းလယ်ကျွန်းမပါသော ၄ လမ်းသွား (8 Lanes) လမ်းအား မိုးထားသည့်ပုံစံအဖြစ် လျာထားရေးဆွဲရန်နှင့် အခမ်းအနားများကျင်းပသည့်အချိန်တွင် ယာဉ်များရှောင်ကွင်း သွားလာ ရန်အတွက် မုခ်ဦး၏ ဘယ်/ညာတွင် (2 Lanes) လမ်းများ လျာထားရေးဆွဲရန်၊ အဓိကလမ်းမကြီးဖြစ်သော ၄ လမ်း သွားလမ်းနှင့် ရှောင်ကွင်းလမ်း (2 Lanes)လမ်းကြားရှိ မြေဧရိယာအား Landscaping Area အဖြစ် ဆောင်ရွက်သွားရန် နှင့် မုခ်ဦးပုံစံတွင် မြန်မာမှု စုလစ်မွမ်းချွန်ပုံစံ (Classis Design)များ ထည့်သွင်းရေးဆွဲရန် လိုအပ်ပါတယ်။ စည်းကမ်းသတ်မှတ်ချက်များနေနဲ့ မုခ်ဦးပုံစံရေးဆွဲရန် စိတ်ဝင်စားသူသည် A3 Size ဖြင့် ဒီဇိုင်းပေးပို့ရာတွင် Hard Copy ၂ စုံနှင့် CD တွင် Jpeg Format(4K)ဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ Email ဖြင့်ဖြစ်စေ ပေးပို့တင်ပြရမှာဖြစ်ပါ တယ်။ မုခ်ဦးပုံစံရေးဆွဲရာတွင်လည်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဒီဇိုင်းအရေအတွက် အကန့်အသတ်မရှိ ကိုယ်ပိုင်ရေးဆွဲထားသော ဒီဇိုင်းများဖြင့် ပေးပို့နိုင်ပါတယ်။ ထိုကဲ့သို့ ရေးဆွဲပေးပို့လာသော ဒီဇိုင်းကို လိုအပ်ပါက ရေးဆွဲထားသူကိုယ်တိုင် စိတ်ကူးအကြံဉာဏ်များကို ထည့်သွင်း၍ Persentation ပြုလုပ်ရမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ရေးဆွဲထားသော ဒီဇိုင်းဖြစ်ကြောင်း ဝန်ခံချက် ပါရှိ ရမည် ဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့်အားလျော်စွာ မြို့တော်၏ ပုံရိပ်ကို ဂုဏ်ယူဝင့်ကြွားစွာဖော်ဆောင်သော ဒီဇိုင်းများဖြင့်သာ ရေးဆွဲရမည်ဖြစ်ပြီး ပေးပို့လာသော မုခ်ဦးပုံစံဒီဇိုင်းများကို စိစစ်ရွေးချယ်ပြီး အသုံးပြုသွားမည်ဖြစ်ကာ ရွေးချယ်ခံရတဲ့ ဒီဇိုင်းများအတွက် ထိုက်သင့်သောချီးမြှင့်ငွေကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ ရေးဆွဲပြီးသည့် မုခ်ဦးဒီဇိုင်းကို စက်တင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ရုံးချိန်အတွင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)သို့ လာရောက်ပေးပို့ရမှာဖြစ်ပါတယ်။ မုခ်ဦးဒီဇိုင်း ရေးဆွဲပေးပို့ လိုသူများသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ မြို့တော်ခန်းမ ဖုန်း ၀၆၇-၈၁၀၈၂၁၂သို့ အခြေခံမည့်အချက်များကို လာရောက်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။(NVS-004)

18 Sep

ADVERTISE HERE .