“ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူဖြစ်လာတဲ့ အန်ဒရစ်”

18 Sep

စက်တင်ဘာလ ၁၈ ရက်က ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲလ်အသင်းနဲ့ စတုဂတ်အသင်း ပွဲစဉ်မှာ ရီးရဲလ်အသင်းက ၃ ဂိုး ၁ ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ရီးရဲလ်အသင်းက စတုဂတ်အသင်းကို အကောင်းဆုံးပုံစံနဲ့ ဖိအားပေးကစားထားနိုင်ခဲ့သလို စတုဂတ်အသင်းက အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့တာကြောင့် အကြိတ်အနယ်ရှိခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်း အတွက် အမ်ဘာပေ က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် ၆၈ မှာ အန်ဒတ် က စတုဂတ်အသင်း အတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၃ မိနစ်မှာတော့ ရူဒီဂါ က ဦးဆောင်ဂိုးထပ်မံ သွင်းယူ နိုင်ခဲ့သလို ရီးရဲလ်အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ပွဲချိန် ၉၅ မိနစ်မှာ အန်ဒရစ် က သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးကြောင့် အန်ဒရစ် ဟာ အသက် ၁၈ နှစ် ၅၈ ရက်နဲ့ ရီးရဲလ်အသင်းသမိုင်း တစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .