“လွိုင်ကော်မှာ ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ရပ်ကွက် ၄ ခု ရေကြီး ရေလျှံမှုနှင့် ရင်ဆိုင်နေရ”

18 Sep

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ရပ်ကွက် ၄ ခုမှာ ရေကြီး ရေလျှံမှု နှင့် ရင်ဆိုင်နေရပြီး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့သတင်းများအရ သိရပါတယ်။ လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် စက်တင်ဘာလ ၁၇ ရက်မှစတင်ကာ ဒေါနိုးကူး ရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်၊ ရှမ်းစုရပ်ကွက်နှင့် မင်းစုရပ်ကွက်တို့မှာ ရေဝင်ရောက်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အခုလိုရေဝင်ရောက်မှု ဖြစ်ပေါ်နေတဲ့ ရပ်ကွက်များသို့ ကယားပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ စက်လှေ ၅ စီးတို့နဲ့ ရေဘေးသင့်ပြည်သူများကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .