“ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ပြင်ဆင်မွမ်းမံလျက်ရှိ”

18 Sep

ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလဆန်းပိုင်းမှစကာ နိုင်ငံတစ်ဝန်းရေကြီးမှုများ ကြုံတွေ့ခဲ့ရပြီး ရထားလမ်းတာပေါင်နေရာများနှင့် တံတားများ ရေတိုက်စားကာ ပျက်စီးခဲ့မှုများကြောင့် ရထားခရီးစဉ်များကို ယာယီ ရပ်ဆိုင်းထားရမှုများ ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာ့မီးရထားမှ ဝန်ထမ်းများက ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ပြင်ဆင်မွမ်းမံ မှုများ ဆောင်ရွက်နေကာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်ဘူတာမှ ဝမ်းတွင်းမြို့နယ် သပြေတောင် ဘူတာအထိ ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဝမ်းတွင်းမြို့နယ် စမုံနှင့် သပြေတောင်း ဘူတာအကြား မိုင်တိုင် (၃၃၃/၁) ၌ အစုန်လမ်းတံတားအမှတ် (၆၉၁)၏ ပေ ၄၀ သံပေါင်ခုနစ်ခုအနက်လေးခု ရေထဲပြုတ်ကျပြီး ကမ်းကပ်ခုံနှစ်ဖက်ရှိ သံပေါင်များသာ ကျန်ရှိတဲ့ အခြေအနေကို စစ်ဆေးပြီး ရေများ ပြန်လည် ကျဆင်းသွားပြီဖြစ်လို့ စက်ယန္တရားများအသုံးပြု၍ တံတားကို အမြန်ဆုံးပြန်လည်စစ်ဆေး ပြုပြင်နိုင်ရေး မှာကြားခဲ့ တယ်လို့ သိရပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .