“ရေဘေးသင့်ဒေသများအတွက် CB Bank မှ ငွေကျပ်သိန်း ၃ သောင်းမတည်လှူဒါန်း”

18 Sep

ရန်ကုန်တိုင်းဒေသကြီးနှင့်နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ ရေဘေးသင့်ဒေသများ အတွက် CB Bank မှ စက်တင်ဘာလ ၁၄ ရက်ကနေစတင်ကာ ငွေကျပ်သိန်း ၃ သောင်းမတည်၍ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ ရေဘေးသင့်ဒေသများမှာ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ကူညီမှုများပြုလုပ်ပေး လျက်ရှိတဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းများ၊ ပရဟိတအသင်းများ၊ ကြက်ခြေနီအသင်းများနှင့် လိုအပ်သည့်နေရာများသို့ အလှူငွေများ၊ စက်လှေများ၊ အစားအသောက်များနှင့် ဆေးဝါးများကို CB Bank မှနေစဉ်လှူဒါန်းပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .