“နေပြည်တော်၌ အဆင့်မြင့်အိမ်ရာစီမံကိန်း သုံးခု အကောင်အထည်ဖော် တည်ဆောက်မည်”

17 Sep

ယခုဘဏ္ဍာနှစ်အတွင်း နေပြည်တော်၌ အဆင့်မြင့်အိမ်ရာစီမံကိန်း သုံးခု အကောင်အထည်ဖော် တည်ဆောက် သွားမယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။ အဆိုပါ အဆင့်မြင့်အိမ်ရာစီမံကိန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညို လမ်း၏အရှေ့ဘက်၊ သုခတော်ဝင်အိမ်ရာအနီးရှိ မြေဧရိယာဧက ၃၀ တွင် အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခု၊ ပျဉ်းမနား-တောင်ညိုလမ်း၏ အရှေ့ဘက် DENKO စက်သုံးဆီအရောင်းဆိုင်အနီး မြေဧရိယာ ဧက ၃၀ တွင် အဆင့်မြင့် အိမ်ရာ စီမံကိန်းတစ်ခုနှင့် ဓနသိဒ္ဓိရပ်ကွက် တော်ဝင်သီရိလမ်း၏ အနောက်ဘက်၊ သံတမန်ဇုန်အနီး မြေဧရိယာဧက ၃၀ တွင် အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခု စုစုပေါင်း အဆင့်မြင့်အိမ်ရာစီမံကိန်းသုံးခုကို အကောင်အထည်ဖော် တည်ဆောက် သွားမည် ဖြစ်ပါတယ်။ အဆင့်မြင့်အိမ်ရာစီမံကိန်းများကို ပုဂ္ဂလိကမှအလုံးစုံရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်တာကြောင့် ၎င်းအဆင့်မြင့်အိမ်ရာစီမံကိန်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသည့် Developer လုပ်ငန်း ရှင် များနှင့် ကုမ္ပဏီများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်မှစတင်ကာ စိတ်ဝင်စားမှုဖော်ပြခြင်း Expression of Interest(Eol) အဆိုပြုလွှာများကို ဖိတ်ခေါ်ဆောင်ရွက်သွားမှာဖြစ်သလို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)တွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

17 Sep

ADVERTISE HERE .