“စတုတ္ထအကြိမ်မြောက် စက္ခုအလင်းဒါန အခမဲ့မျက်စိကုသပေးခြင်း ဆောင်ရွက်”

17 Sep

ကျန်းမာရေးဝန်ကြီးဌာန မျက်စိအထူးကုဆေးရုံကြီး(ရန်ကုန်)နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)တို့ ပူးပေါင်းဆောင်ရွက်သည့် စတုတ္ထအကြိမ် စက္ခုအလင်းဒါန အခမဲ့မျက်စိကုသပေးခြင်းကို စက်တင်ဘာလ ၁၆ ရက်က စတင်၍ ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီးတွင် ကုသပေးလျက်ရှိကြောင်း သိရပါတယ်။ ပထမအကြိမ်နဲ့ဒုတိယအကြိမ် စက္ခုအလင်းဒါန အခမဲ့မျက်စိကုသပေးခြင်းကို ရွှေပြည်ဟိန်းဆေးရုံမှာ ဆောင်ရွက်ခဲ့ပြီး တတိယအကြိမ်ကို တောင်ဒဂုံမြို့နယ် ရတနာဆေးခန်းမှာ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယခု စတုတ္တအကြိမ်ကိုတော့ ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှာ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၆ ရက်က ပြုလုပ်လျက်ရှိတဲ့ စတုတ္ထအကြိမ်မြောက် စက္ခုအလင်းဒါန အခမဲ့ မျက်စိကုသ ပေးခြင်းကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းနှင့် SHINE GROUP မိသားစုများမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ကာ မျက်စိဝေဒနာရှင် ၅၇၉ ဦးအား အောက်တိုဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ အခမဲ့ခွဲစိတ် ကုသစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

17 Sep

ADVERTISE HERE .