“ပြည်ပမှ ကြက်သွန်ဖြူများ ဝယ်ယူသူများပြားသောကြောင့် အရောင်းအဝယ်ကောင်းမွန်လျက်ရှိ”

17 Sep

မန္တလေးဈေးကွက်အတွင်းရှိ ကြက်သွန်ဖြူများကို ပြည်ပမှ ဝယ်ယူမှုများပြားလာခြင်းကြောင့် အရောင်းအဝယ် ကောင်းမွန်လျက်ရှိနေတယ်လို့သိရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ယခင်က ကြက်သွန်ဖြူများ အရောင်းအဝယ်အေးခဲ့ပြီး စက်တင်ဘာလ ဒုတိယ ပတ်မှ စတင်ပြီး ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်လာကာ ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့က အဝယ်ယူမှုများလာသောကြောင့် မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်နေခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ ပြည်တွင်းမှာ ကြက်သွန်ဖြူများ အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် မန္တလေးဈေးကွက် အတွင်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၁၅,၀၀၀ အထိ ဈေးရရှိနေကြောင်း သိရပါတယ်။ (NVS-004)

17 Sep

ADVERTISE HERE .