“ရက်ရှ်ဖို့ဒ်ထံမှ သွင်းဂိုးများကို မျှော်လင့်တယ်လို့ဆိုတဲ့ တန်ဟတ်”

17 Sep

ဆောက်သမ်တန်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ် ဆီကနေ သွင်းဂိုးတွေကို ထပ်မံတွေ့မြင်ခွင့်ရဖို့ မျှော်လင့်မိတယ်လို့ မန်ယူနည်းပြ တန်ဟတ် က ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းရဲ့တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဟာ ဆောက်သမ်တန်အသင်းကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ အခုရာသီမှာ အသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ရှေ့လာမယ့် ပွဲစဉ်တွေမှာ သွင်းဂိုးတွေကို ထပ်မံမြင်တွေ့ခွင့်ရဖို့ မျှော်လင့်မိတယ်လို့ မန်ယူအသင်းနည်းပြ တန်ဟတ်က ပြောကြားခဲ့ ပါတယ်။ တိုက်စစ်မှူးတစ်ယောက်ဆိုတာက ဂိုးသွင်းအများဆုံးစာရင်းမှာ ပါဝင်ခွင့်ရဖို့ ဆန္ဒရှိတာကြောင့် အခုလို သွင်းယူနိုင်ခဲ့တာက ရက်ရှ်ဖို့ဒ် အတွက် အရေးပါနေမှာ သေချာတယ်လို့ တန်ဟတ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တာကြောင့် အခုဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ဒုတိယမြောက်နိုင်ပွဲကို ရရှိခဲ့တာဖြစ်သလို အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)နေရာမှာ ရမှတ် ၆ မှတ်နဲ့အတူ ရပ်တည်နိုင်ခဲ့ပါတယ်။ (NVS 008)

17 Sep

ADVERTISE HERE .