“ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်ရှိ အဆုံတံတားပြုပြင်ပြီးစီးပါက ယာဉ်များကို တန် (၄၀) အထိ ဖြတ်သန်း ခွင့်ပြုမည်”

17 Sep

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်ရှိ အဆုံတံတား ပြန်လည်တည်ဆောက်လျက်ရှိရာ အဆိုပါတံတားပြီးစီးပါက ယာဉ်များကို တန် (၄၀) အထိ ဖြတ်သန်းခွင့်ပြုသွားမယ် လို့ သိရပါတယ်။ တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာလ ၁၁ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နဝင်းချောင်းရေ မြင့်တက်၍ ကင်းသာကျေးရွာ ရန်ကုန်- မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ နဝင်းချောင်းအားဖြတ်၍ တည်ဆောက်ထားသောအရှည် ၁၉၀ ပေ၊ ၄ လမ်းသွားတံတားမှာ တံတားအရင်းရှိ ကွန်ကရစ် မြေသား(တံတားချဉ်းကပ်လမ်းမြေသား) ၄ ပေခန့် ရေတိုက်စား၍ ထက်ပိုင်းကျိုးကျ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်အနေနဲ့ တပ်ကုန်း-ပုဗ္ဗသီရိလမ်းမှတစ်ဆင့် သွားလာခဲ့ရပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

17 Sep

ADVERTISE HERE .