“ရေဘေးထောက်ပံ့ပစ္စည်းများကို အခမဲ့တင်ဆောင်ပေးမယ့် Elite Express”

17 Sep

ရန်ကုန်မြို့ကို အခြေစိုက်ကာ မြန်မာနိုင်ငံရှိ မြို့ကြီးအချို့သို့ ပြေးဆွဲပေးလျက်ရှိတဲ့ Elit Express အဆင့်မြင့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းမှ ရေဘေးထောက်ပံ့ပစ္စည်းများကို အခမဲ့ပို့ဆောင်ပေးသွားမယ်လို့ အသိပေး ခဲ့ပါတယ်။ Elite Express အဆင့်မြင့်အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းမှ ၎င်းတို့ယာဉ်လိုင်းပြေးဆွဲလျက်ရှိသော မြို့များတွင် ရေဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ရေဘေးကူညီထောက်ပံ့ပစ္စည်းများပို့ဆောင်ရာတွင် အခမဲ့ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဘေးကြုံတွေ့နေသော ရှမ်းပြည်နယ်၊ ကလောမြို့၊ အောင်ပန်းမြို့တို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် Elite Express အဆင့်မြင့်အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းမှ ကနဦးအဖြစ် ငွေကျပ်သိန်း ၂၀၀ မတည်ခဲ့ပြီး ကူညီရေးလုပ်ငန်းများစတင်ရန် ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ကလောမြို့၊ အောင်ပန်းမြို့တို့သို့ Elite Express အဆင့်မြင့်အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းမှ ဆန်၊ ဆီ၊ ဆားနှင့်အခြေခံလိုအပ်ချက်များကို ကူညီလှူဒါန်း ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

17 Sep

ADVERTISE HERE .