“တောင်ငူမြို့မှာ ရေဘေးရှောင်စခန်း ၄၈ ခုဖွင့်လှစ်ထားရှိ”

17 Sep

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့မှာ ရေဘေးရှောင်စခန်း ၄၈ ခုဖွင့်လှစ်ထားရှိပြီး လက်ရှိမှာ မြို့အနီးရှိ ရွာများမှာ ရေနစ်မြုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ တောင်ငူမြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများမှာ ရေဘေးရှောင်သူများကို နေရာချ ပေးထားကာ ယာယီရွှေ့ပြောင်းနေရသူ သောင်းကျော်ရှိနိုင်တယ်လို့ ဆုတောင်းပြည့် ညောင်ဝိုင်းဘုရားကြီး ရေဘေး ရှောင်စခန်းကနေ သိရပါတယ်။ ဒါ့အပြင် ရေနစ်မြုပ်နေတဲ့ ရွာများမှာ ရေစီးသန်နေတာကြောင့် ကယ်ဆယ်ရေးများ ခက်ခဲနေကြောင်း သိရပြီး စက်တင်ဘာ ၁၅ ရက်က ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး ကားပေါ်ကကျကာ ရေစီးနှင့် မျောပါသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေက တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေတွင်ရှိနေသေးကာ နောက်တစ်ရက်အတွင်း ၁ ပေ ခွဲခန့် ထပ်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

17 Sep

ADVERTISE HERE .