“အမ်ဘာပေ ရရှိရန်ကျန်နေတဲ့ ယူရို ၅၅ သန်းကို ပေးချေရန် ဆုံးဖြတ်ပေးခဲ့တဲ့ ပြင်သစ်ဘောလုံးလိဂ်”

16 Sep

PSG အသင်းအနေနဲ့ တိုက်စစ်မှူးဟောင်း အမ်ဘာပေ ကို ပေးရန်ကျန်ရှိနေတဲ့ ယူရို ၅၅ သန်းကို ပေးချေရန် ပြင်သစ်ဘောလုံးလိဂ်က ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ အမ်ဘာပေ က အသင်းဟောင်း PSG ထံမှ ယူရို ၅၅ သန်း(ဒေါ်လာသန်း ၆၀) မရသေးတာကြောင့် ကြားဝင်ဖြေရှင်းပေးရန် ပြင်သစ်ဘောလုံးလိဂ်ဥပဒေရေးရာကော်မရှင်ထံ တောင်းဆိုမှု ကြောင့် စက်တင်ဘာလ ၁၁ ရက်က ပါရီမြို့မှာ ၎င်းရဲ့ ကိုယ်စားလှယ်အဖွဲ့နှင့် PSG အသင်း တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ ဥပဒေရေးရာကော်မရှင်ရဲ့ ဖျန်ဖြေရန်ကမ်းလှမ်းမှုကို အမ်ဘာပေ ဘက်က လက်မခံဘဲ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် ပြင်သစ်ဘောလုံးလိဂ်က PSG အသင်းအနေနဲ့ အမ်ဘာပေ ကို ပေးရန်ကျန်ရှိတဲ့ ယူရို ၅၅ သန်းကို ပေးချေရန် ဆုံးဖြတ်ခဲ့ပေမယ့် PSG အသင်းက ပေးချေရန်ဆန္ဒမရှိကြောင်းနဲ့ ဉပဒေအရ ဆက်လက်ရင်ဆိုင် သွားမယ်လို့ သိရပါတယ်။ (NVS 008)

16 Sep

ADVERTISE HERE .