"မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရတဲ့ ပုဂံဘုရားများကို ရှေးမူလက်ရာအတိုင်းသာ ပြုပြင်မည်"

16 Sep

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်အတွင်းရှိ ရှေးဟောင်းဘုရားကိုးဆူသည် စက်တင်ဘာလ ၁၂ ရက်က စတင်ကာ မိုးရွာသွန်းမှုများပြားခြင်းကြောင့် ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ ပြိုကျခဲ့တဲ့ ဘုရားများက ဘုရားအမှတ်-၁၊ ဘုရားအမှတ်-၁၅၉၇ သဗ္ဗညုဘုရား၊ ဘုရားအမှတ်-၁၈၁၂ ထီးလိုမင်းလိုဘုရား၊ ဘုရားအမှတ်- ၁၈၂(ငှက်ပစ်တောင်အစု)၊ ဘုရားအမှတ်-၁၆၇ (ငှက်ပစ်တောင်အစု) ဓမ္မစေတီ ဘုရား၊ ဘုရားအမှတ်- ၁၀၄၂ ဆင်က အုတ်တိုက်၊ ဆင်ဖြူရှင်ရေကန်၊ ဘုရားအမှတ်-၇၁၁ လက်ပွတ်ကန်ဘုရားနှင့် ဘုရားအမှတ်-၃၄၅ ဘုရား တို့ဖြစ်ကြပါတယ်။ အဆိုပါဘုရားများကို ရှေးမူလက်ရာမပျက်ကာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ပြောကြားခဲ့ပါတယ်။ အခုလိုပြုပြင်ရာမှာ ဘိလပ်မြေလုံးဝမသုံးဘဲ ရှေးမူလက်ရာအတိုင်း သရိုးကိုင်ခြင်း၊ ပြုပြင်ရေးစံချိန်စံညွှန်းနှင့် အညီပြုပြင်ခြင်း၊ ထိခိုက် ပျက်စီးမှု အနည်းအများအပေါ်မူတည်ပြီး အချိန်ယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်သွားမယ်လို့ ပုဂံရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ရှင်းပြပါတယ်။ လက်ရှိမှာ ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံရှေးဟောင်းအဆောက်အအုံများကို မိုးရေကြောင့် ထပ်မံမထိခိုက်အောင် ဆောင်ရွက်နေကာ မိုးရေဓာတ်ခမ်းက အထိစောင့်ဆိုင်းခြင်း၊ ပြုပြင်ရန်အတွက် နေရာရှင်းလင်းခြင်းများ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ (NVS 003)

16 Sep

ADVERTISE HERE .