"ရေဘေးကြောင့် ‌သေဆုံးဒဏ်ရာရသူများ၊ အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူ ထောက်ပံ့ပေးသွားမည်"

16 Sep

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ကူညီကယ်ဆယ်ရေး နောက်ဆက်တွဲ လုပ်ငန်းများအဖြစ် ‌သေဆုံးဒဏ်ရာရသူများနှင့် အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ဆုံးရှုံးမှု ရာခိုင်နှုန်းအပေါ်မူတည်ကာ သတ်မှတ်နှုန်းထားများအတိုင်း ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်မှာ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရေကြီးရေလျှံမှုနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားစဉ် ထည့်သွင်းပြောကြား ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ယခုလိုဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက် နေတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 003)

16 Sep

ADVERTISE HERE .