"ရန်ကုန်မြို့ ရေဘေးအတွက် စိုးရိမ်စရာမရှိ"

16 Sep

စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်မှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း ပြန်ဖြစ်လာပြီး အနောက်တောင် မုတ်သုန်လေ အားကောင်းလာမည်ဖြစ်ကာ ရန်ကုန်မြို့အပါအဝင် အချို့သောဒေသများမှာ မိုးများလာနိုင်ကြောင်း ထုတ်ပြန်ချက်ကို အခြေခံကာလူမှုကွန်ရက်မှာ ရန်ကုန်ရေကြီးနိုင်တယ်လို့ ရေးသားနေကြခြင်းကြောင့် ရန်ကုန်မြို့နေ ပြည်သူများ စိုးရိမ်နေကြပါတယ်။ ရန်ကုန်မြို့မှာ ရေဘေးနှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိတဲ့ အခြေအနေကို ပြင်ပမိုးလေဝသပညာရှင်များက လူမှုကွန်ရက်မှတစ်ဆင့် အသိပေးရေးသားဖြန့်ဝေထားကြပါတယ်။ဒါ့အပြင် လေဖိအားနည်းရပ်ဝန်းက အိန္ဒိယနိုင်ငံ ကုန်းတွင်းထဲဝင်ကာ မြန်မာနိုင်ငံနှင့် ဝေးသွားမယ့်အတွက် လက်ရှိဖြစ်ပေါ်နေ‌တဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းငယ် ကြောင့်စက်တင်ဘာလ ၂၃ ရက်အထိ မိုးရွာနိုင်ပေမယ့် မိုးရွာသွန်းမှု လျော့နည်းနိုင်တယ်လို့ ရေးသားထားပါတယ်။ ဒါကြောင့် ရန်ကုန်တစ်မြို့လုံး ရေမြုပ်နိုင်/ မမြုပ်နိုင်ကို သေချာစဉ်းစားကြည့်၍ ရနိုင်ကြောင်း သတိပေးထားပါတယ်။ လက်ရှိမှာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုမှာ မြို့နယ် ၃၄ မြို့နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူဦးရေ ၂၃၀,၀၀၀ ကျော် ရေဘေးသင့် နေကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 003)

16 Sep

ADVERTISE HERE .