"ရေဘေးအတွက် ကျပ်သိန်း ၁,၀၀၀ မတည်မယ့် ဆန်စပါးအသင်းချုပ်”

16 Sep

မြန်မာနိုင်ငံတစ်ဝန်း ရေဘေးကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီဖို့ ကျပ်သိန်း ၁,၀၀၀ စတင်မတည်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စက်တင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန် လိုက်ပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ အစိုးရအဖွဲ့အစည်းတွေ လူမှုအကျိုးပြု အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ယာယီခိုလှုံနေထိုင်တဲ့ စခန်းတွေအတွက် ချက်ပြုတ် ကျွေးမွေးဖို့ ဆန်အိတ်တွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေဘေးသင့်ဒေသများသို့ ပေါ်ဆန်း/ ဧည့်မထ ဆန်အိတ်တွေ လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ရည်ညွှန်းဆန်ဈေးနှုန်းတွေအတိုင်း ဆန်အိတ်တွေကို သက်သာတဲ့ဈေးနဲ့ ရောင်းပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆက်လက်ပြီး ရေဘေးမှပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရာမှာ အထူးသဖြင့်လယ်ယာမြေတွေမှာ သင့်လျော်တဲ့ သီးနှံတွေပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်တဲ့ မျိုး၊ သွင်းအားစု၊ ငွေကြေးထောက်ပံ့မှုတွေကို စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါကြောင့် အထောက်အပံ့/အကူအညီ လိုအပ်တဲ့အဖွဲ့အစည်းတွေ ပါဝင်လှူဒါန်းလိုတဲ့အလှူရှင်တွေ လှူဒါန်းဖို့ ဆန်လိုအပ်တဲ့ အဖွဲ့အစည်း/ပုဂ္ဂိုလ်တွေအနေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့နဲ့ အသင်းချုပ်အသင်းဝင်တွေအနေနဲ့ ပါဝင်လှူဒါန်းနိုင်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 003)

16 Sep

ADVERTISE HERE .