“ကျိုးကျသွားတဲ့ နမ့်လပ်ကွန်ကရစ်ချောင်းကူးတံတားကို ပြန်လည်အသုံးပြုနိုင်ရန် ဘေလီတံတားထိုးနေ”

16 Sep

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ရေတိုက်စားမှုကြောင့် ကျိုးကျသွားခဲ့တဲ့ နမ့်လပ်ကွန်ကရစ် ချောင်းကူး တံတားကို အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရန် စက်တင်ဘာလ ၁၄ ရက်မှစတင်ကာ ဘေလီတံတားထိုးနေပြီ ဖြစ်တယ် လို့ သိရပါတယ်။ နမ့်လပ်ကွန်ကရစ်ချောင်းကူးတံတားက ကျိုင်းတုံ-လွိုင်မွေ ကားလမ်းပေါ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျိုင်းတုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းကာ မြစ်ရေချောင်းရေများ မြင့်တက်၍ နမ့်လပ်ချောင်းရေတိုက်စားရာမှ ကျိုးကျပျက်စီးခဲ့ခြင်း ဖြစ်ပါတယ်။ဒါကြောင့် တာဝန်ရှိသူများနှင့် ကျွမ်းကျင်ဝန်ထမ်း များက ဘေလီတံတားထိုးခြင်းကို အမြန်ဆုံးလုပ်ဆောင်နေသလို ကျိုင်းတုံမြို့နယ်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် တာဝန်ရှိသူများက စီမံဆောင်ရွက် နေတယ်လို့ သိရပါတယ်။ (NVS 003)

16 Sep

ADVERTISE HERE .