“ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ ရေဘေးသင့်ပြည်သူများကို လှူဒါန်းလိုပါက မြန်မာသံရုံး (ဘန်ကောက်)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့နဲ့ ဆက်သွယ်လှူဒါန်းနိုင်”

16 Sep

မြန်မာနိုင်ငံမှာ ယာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သော ပြည်သူများကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအနေနဲ့ မြန်မာသံရုံး(ဘန်ကောက်)၊ ကောင်စစ်ဝန်ချုပ်ရုံး(ချင်းမိုင်)တို့နဲ့ ဆက်သွယ်ကာ လှူဒါန်းနိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ဘန်ကောက်) ထုတ်ပြန်ချက်အရ သိရပါတယ်။ လှူဒါန်းလိုသူများမှ ဆန်အိတ်(သို့)ငွေသား မိမိလှူဒါန်းလိုသည်များကို မြန်မာသံရုံး(ဘန်ကောက်)မှာ သံမှူး ဒေါ်ဆန်းသစ်ရည် (06-27313515)၊ ကောင်စစ်ဝန်ချုပ်ရုံး(ချင်းမိုင်)မှာ ပထမအတွင်းဝန်ဒေါ်နေခြည်ဝင်းဆွေ (0949450362)သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ အခုလိုလှူဒါန်းလျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်အထိ ဆန် ၄၀၃ အိတ်နှင့် ငွေသား ၁၁၉,၁၁၁ ဘတ် လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ဆန်အိတ်လှူဒါန်းလိုသူများအနေနဲ့ ၂၄ ပြည်ဆန်တစ်အိတ်ကို ၆၅၀ ဘတ်နဲ့ သတ်မှတ်လှူဒါန်းနိုင်ပြီး လှူဒါန်းမှုတို့ကို မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာရေဘေးသင့်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီသို့ အမည်စာရင်း (သို့) ကုမ္ပဏီစာရင်း ဖော်ပြကာ ပေးပို့သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ (NVS 003)

16 Sep

ADVERTISE HERE .