မုန်လာဥနီဖျော်ရည်ရဲ့ သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ

15 Sep

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ မုန်လာဥနီဖျော်ရည်ရဲ့ သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မုန်လာဥနီမှာ မရှိမဖြစ် အင်ဇိုင်းတွေ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ စတဲ့ အာဟာရ ဓာတ်တွေ အပြည့်အ၀ ပါ၀င်နေ ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် B1 ၊ B2 ၊ B6 ၊ ဗီတာမင် C၊ ဗီတာမင် K၊ ဘိုင်အိုတင်၊ Phosphide ၊ ဆိုဒီယမ် ၊ ပိုတက်စီယမ် နဲ့ သိုင်ယာမင်းဓာတ် တို့လည်း အများအပြား ပါ၀င်ပါတယ်။ မုန်လာဥနီမှာ Vitamin A က မျက်လုံးလည်း အားကောင်းစေပါတယ်။ ဒါ့အပြင် Vitamin A ပါလို့ အသားရေ လှစေရုံသာမက နေလောင်ဒဏ်ကိုပါ ပျောက်ကင်းစေပါတယ်။ အသားအရေလှစေပြီး အရေပြားတွန့်တာကိုလည်း ကာကွယ်ပေးပါတယ်။ မုန်လာဥနီဖျော်ရည် သောက်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ကင်ဆာ ရောဂါတွေလည်း ပျောက်ကင်စေနိုင်ပါတယ်။ အူမကင်ဆာ၊ ရင်သားကင်ဆာ စတာတွေကို ကာကွယ်ပေးပါတယ်။ အသည်းကိုလည်း အားကောင်းပါတယ်။ အသည်းမှာရှိတဲ့ အဆိပ်တွေကို သန့်စင်စေပါတယ်။ ဒါ့အပြင် ကိုလက်စထ လျော့ကျစေနိုင်ပါတယ်။ ဖိုက်ဘာဓာတ်ကြွယ်ဝတာကြောင့် မလိုအပ်တဲ့ အဆီပိုတွေ ကျဆင်းစေပါတယ်။ အားလည်း ပြန်ပြည့်စေပါတယ်။(NVS 003)

15 Sep

ADVERTISE HERE .