ဘန်ချီဝဲလ် ကစားသမားစာရင်းတွင် ပြန်လည် ပါဝင်လာ
15 Sepချဲလ်ဆီး အသင်း ခံစစ်ကစားသမား ဘန်ချီဝဲလ်ဟာ နည်းပြသစ် မားရက်စ်ကာ ရောက်ရှိပြီးနောက် အသင်း ပြောင်းရွှေ့ရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း ပြောင်းရွှေ့ခွင့် မရခဲ့ဘဲ ယခုအခါ ပရီးမီးယားလိဂ် ယှဉ်ပြိုင်မည့် ကစားသမားမှတ်ပုံတင်စာရင်းမှာ ပြန်လည်ပါဝင်လာကြောင်း သိရပါတယ်။ နည်းပြ မာရက်စ်ကာ က အသင်းမှ ဘန်ချီဝဲလ်၊ စတားလင်း၊ ချာလိုဘတ်တို့ကို ထွက်ခွာခွင့်ပြုထားသော်လည်း ဘန်ချီဝဲလ် တစ်ယောက်သာ ပြောင်းရွှေ့ကြေးအဆင်မပြေသဖြင့် ပြောင်းရွှေ့ခွင့် မရခဲ့တာ ဖြစ်ပါတယ်။ ယခင် က ဘန်ချီဝဲလ်ဟာ နည်းပြနဲ့အတူ ပူးပေါင်းလေ့ကျင့်ခွင့်မရဘဲ တစ်ဦးတည်း လေ့ကျင့်နေရသူဖြစ်ပြီး ဥရောပအပြောင်းအရွှေ့ပိတ်သိမ်းချိန်တွင် ခေါ်ယူမယ့်အသင်းမရှိတာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလကျမှသာ ရောင်းချဖို့ ထပ်မံစီစဉ်ထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်တာ ကြောင့် ဒဏ်ရာရကစားသမား များလာပါက ထည့်သွင်းအသုံးပြုနိုင်ရန် ကစားသမားစာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ နည်းပြ မာရက်စ်ကာ က ဘန်ချီဝဲလ် ကို ယူအီးအက်ဖ်အေ နေရှင်းလိဂ် ကစားမည့် စာရင်းတွင်လည်း ဖယ်ရှားထားတာကြောင့် ချီဝဲလ် အနေဖြင့် ဥရောပပွဲစဉ်များကို လွှဲချော် ရမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)